ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိ ရေပူစမ်းအပန်းဖြေဟိုတယ်တစ်ခုဖြစ်သည့် ဟိုတယ် ဒိုင်းဟဲအိဂျင်န်းတွင် နိုရိုဗိုင်းရပ်ပိုးကူးစက်မှုကြောင့် လူ (၁၄၀) ဦး ဖျားနာခဲ့ရာရောဂါဖြစ်ပွားမှုအကြောင်းအရင်းသည် ဧပြီလ ၈ ရက်မှ ၁၂ ရက်အတွင်း ဟိုတယ်က ချက်ပြုတ်ကျွေး မွေးခဲ့သည့် အစားအသောက်များဖြစ်ကာဧပြီလ ၈ ရက်မှ ဧပြီလ၁၁ ရက်အတွင်း ဟိုတယ်၌ နေ့လည်စာစားပွဲတက်သူဧည့်သည် (၆၂၇) ဦးရှိခဲ့ပြီး ဧပြီ ၁၉ ရက်အထိ ၎င်းတို့အနက် (၁၄၀) သည် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများတွေ့ရှိရကြောင်းလည်းဖော်ပြထားပါတယ်။စစ်ဆေးမှုများအရ ဟိုတယ်မီးဖိုချောင် ဝန်ထမ်းငါးဦးအပြင် လက္ခဏာပြခဲ့သည့် ဧည့်သည်အများအပြားတွင် နိုရိုဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ရခြင်းလည်းဖြစ်ပါတယ်။
Apr 20 • 6:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


