back

မြန်မာပြည်သူ ၆ ဒဿမ ၃ သန်း အရေးပေါ်အကူအညီ တွေလိုအပ်နေတယ်လို့ UNICEF သတိပေးလာ

Apr 20 • 7:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာပြည်သူ ၆ ဒဿမ ၃ သန်း အရေးပေါ်အကူအညီ တွေလိုအပ်နေတယ်လို့ UNICEF သတိပေးလာ

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် သီတင်းသုံးပတ်အကြာမှာ လူဦးရေ ၆ ဒဿမ ၃ သန်းဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရ...

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် သီတင်းသုံးပတ်အကြာမှာ လူဦးရေ ၆ ဒဿမ ၃ သန်းဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေး ပြောကြားလိုက်ပြီးအထူးသဖြင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ အပူလွန်ကဲခြင်း၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိမှု အကန့်အသတ်နဲ့ အခြားသောအခြေအနေတွေမှာ နေထိုင်နေကြရတာကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာတွေနဲ့ ပိုမိုရင်ဆိုင်နေရကာအသက်ငါးနှစ်အောက်ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေဟာ အာဟာရချို့တဲ့မှုနဲ့ ဆက်လက်ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂနဲ့ အခြားသော အဖွဲ့တွေဟာ ငလျင်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ပံ့ပိုးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းကို အဓိကထိခိုက်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်းမြေငလျင်ကြောင့် စစ်ကိုင်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် ဒေသအတော်များများမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကာ

ငလျင်ကြောင့် လူ ၃၇၀၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကာ နောက်ဆက်တွဲငလျင် ရာနဲချီလှုပ်ခတ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ လူအတော်များများဟာ ငလျင်စိုးရိမ်ပူပန်မှုတွေကြောင့် နေအိမ်ပြင်ပ ဘေးလွတ်ရာ ရွေ့ပြောင်းနေထိုင်ရတာတွေကလည်း ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရတယ်လို့ UNICEF က သတိပေးထားပါတယ်။




news-view-count-icon

30