မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ငလျင်ဘေးသင့်ပြည်သူများအား ကြက်ဥအလုံးရေ တစ်သောင်းကို အပတ်စဥ် စနေ၊ ဗုဒ္ဓဟူးနေ့များတွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆိုပါ ဌာနရုံးတွင် ရောင်းချပေးသွားမည်ဖြစ်ကာစတင်ရောင်းချမှုအဖြစ် ဧပြီ ၁၉ရက်နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ရောင်းချပေးခဲ့ပြီး ဖြစ်ရာကြက်ဥများအား တစ်လုံးလျှင် ကျပ် ၄၀၀ နှုန်းဖြင့် လူဦးရေ ၁၂၀၀ဦးအား ရောင်းချပေးခဲ့ကြောင်း၊ ငလျင်ဘေးသင့် ပြည်သူများအား သက်သာသော စျေးနှုန်းများဖြင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ နံနက်ပိုင်းတွင် လူဦးရေ ၁၂၀၀ဦးအတွက် ရောင်းချပေးသွားမှာဖြစ်ပါတယ်။



