ပြည်တွင်း၌ မတ်လ၂၈ရက်နေ့ ငလျင်လှုပ်ပြီးနောက် အိမ်ဆောက်ပစ္စည်းစျေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် ပျက်စီးတဲ့နေအိမ်တွေကို ပြုပြင်တည်ဆောက်ဖို့ အခက်အခဲဖြစ်နေကာ“အခုဆိုရင် အိမ်ဆောက်ပစ္စည်းစျေးတွေက တော်တော်ကိုတက်သွားတယ်၊အဲလိုတက်နေတဲ့စျေးနဲ့တောင် လိုသလောက် ဝယ်မရဘူး၊တိုက်အိမ်တွေက ပျက်စီးတာများပေမယ့် သစ်သားအိမ်တွေ ယိုင်ကုန်တာလဲရှိတယ်၊တိုက်တွေက ဖျက်ရတာ၊အကုန်လုံးပျက်စီးတယ်၊အကုန်လုံးပြန်ဆောက်ရမှာ၊လူတွေဒုက္ခရောက်နေတဲ့ အခုလို အချိန်မှာတော့ စျေးတက်နေတာ အတော်ဒုက္ခ ရောက်တယ်” ဟု ပျော်ဘွယ်တွင် နေသူတစ်ဦးကဆိုပါနယ်။အိမ်ဆောက်ပစ္စည်းစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် တချို့ငွေကြေးမတတ်နိုင်တဲ့ သူတွေက ဝါးတဲထိုး မိုးကာမိုးပြီး ယာယီတဲပုံစံမျိုး ဆောက်လုပ်နေထိုင်ရတာတွေလည်းရှိပါတယ်။အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အချို့ကတော့ အိမ်ဆောက်ပစ္စည်းများကို စျေးထိန်းရောင်းပေးပြီး ဘိလပ်မြေရောင်းသူများမှာ ပျက်စီးသည့် အိမ်ပုံစံနှင့်တကွ လိုအပ်သည်အရေအတွက်ကို အရင်တင်စေပြီး စစ်ဆေးပြီးမှ ရောင်းချပေးခြင်းလည်းရှိကြောင်း သိရသည်။ ဆိုင်အများစုကတော့ စျေးတင်ရောင်း ချနေကြောင်း ငလျင်ဒေသမှ ဒေသခံများကဆိုပါတယ်။



