မန္တလေးတိုင်းအောင်မြေသာစံမြို့နယ်၊ ၁၄ လမ်း၊ ၆၃x၆၄ လမ်းကြား၊ အထက(၁၇) ကျောင်းဝင်းအတွင်းရှိ ကယ်ဆယ်ရေးစခန်းတွင် အများပြည်သူများ ရေသန့် သုံးစွဲနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင် ရေနှင့် သန့်ရှင်းမှုဌာနမှ ဝန်ထမ်းများသည် မလေးရှားနိုင်ငံမှ လှူဒါန်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လက်ခံထားသော တစ်ရက်လျှင် ရေဂါလန် ၂၂၀၀ ဂါလန်ခန့် သန့်စင်ထုတ်လုပ်နိုင်သော ရေသန့်စင်စက်အတွက် မီးသတ်ငုတ်မှ 63 mm HDPE Pipe ပေ ၂၈၀ ဆက်သွယ်ချထားခြင်းနှင့် PLAN International Myanmar မှ လှူဒါန်းသော ဂါလန် ၂၀၀ ဆံ့ အများသုံး ရေကန် Fibre Tank ၃ လုံးသို့ ရေပိုက်ဆက်သွယ်ခြင်းလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပါတယ်။
Apr 20 • 5:50 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 133 | 0 | 0 | 0 |


