ဧပြီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဆာမတ်ပရာကန်ခရိုင်ရှိ ဆွိုင်ဆန်တီခမ်အရပ် နေအိမ်တစ်လုံးတွင် အိန္ဒိယနိုင်ငံသား ၃ ဦးကို ပြန်ပေးဆွဲဖမ်းဆီးထားပြီး ငွေညှစ်နေသည့် တစ်နိုင်ငံတည်းသား အိန္ဒိယ ၆ ဦးနှင့် ပါကစ္စတန်နိုင်ငံသားတစ်ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ကာမြို့တော်ရဲမှူးချုပ် ဝက်ဆန်၏ ထုတ်ပြန်ချက်တွင် ၂၂ နှစ်အရွယ် မစ္စတာဆန်ဒူ နှင့် အပေါင်းအပါ တစ်နိုင်ငံတည်းသား ၆ ဦးနှင့် ပါကစ္စတန်သား တစ်ဦးတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက ၎င်းတို့၏ နောက်ခံအခြေအနေများကို ဆက်လက် စုံစမ်းမေးမြန်းဖော်ထုတ်နေကြောင်း၊ အိန္ဒိယသံရုံးထံမှ အချက်အလက်များတောင်းခံပြီး ပူးပေါင်း ဖော်ထုတ်နေပြီဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံထားရသူ အိန္ဒိယနိုင်ငံသား ၃ ဦးကိုလည်း နေအိမ် အခန်း တစ်ခန်းအတွင်း ကြိုးတုပ်ချုပ်နှောင်ထားသည်ကို တွေ့ရှိခဲ့ရပြီးပြန်ပေးဆွဲခံရသူများ၏ မိသားစုဝင်များထံ ပြန်ပေးဆွဲငွေ အိန္ဒိယရူပီး တစ်ယောက် ၂၅ သိန်း ငွေညှစ် တောင်းဆိုမှုများလုပ်ခဲ့ကြပြီး မပေးလျှင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများပါ ပြုလုပ်ခဲ့ကြပါတယ်။အလုပ်ရှာဖွေရေးအေးဂျင့်ဟန်ဆောင်ကာ ဩစတြေးလျတွင် အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်ခေါ်ယူပြီးနောက် ကနဦးဘန်ကောက်တွင် ဗီဇာစောင့်ရမည်ဟု အယုံသွင်းကာ ယခုလို ပြန်ပေးဆွဲမှု ကျူးလွန်ခြင်းဖြစ်ပါတယ်။
Apr 20 • 5:57 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 63 | 0 | 0 | 0 |


