အိန္ဒိယအစိုးရ၏ စားနပ်ရိက္ခာကော်ပိုရေးရှင်း Food Corporation of India (FCI) ၏ အရန်ဆန်နှင့်စပါး သိုလှောင်မှုသည် ဧပြီလ ၁ ရက်တွင် တန်ချိန် ၆၃.၀၉ သန်း ရှိသလိုအစိုးရ လျာထားချက် တန် ၁၃.၆သန်းထက် တန်ချိန် သန်း ၅၀ ခန့် ပိုများနေကာ ပြည်တွင်းဈေးကွက်ထဲ မထိခိုက်ဘဲ ပြည်ပသို့ ဆန်များ တင်ပို့နိုင်မည်ဖြစ်ကာ ယခင်နှစ်များက ပြည်တွင်းဖူလုံရေးအတွက် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုကို အစိုးရက ကန့်သတ်ပိတ်ပက်ခဲ့ရသော်လည်း ယခုအခါ ပြည်ပတင်ပို့ရန် အစိုးရက တွန်းအားပေးနေခြင်းလည်းဖြစ်ပါတယ်။အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းခန့်ကို တင်ပို့သည်။ အိန္ဒိယဆန်များ အလျှံပယ် ဖြစ်နေပြီး ပြည်ပသို့ အကန့်အသတ်မရှိ တင်ပို့သည့်အတွက် အာရှဆန်ဈေးနှုန်းများသည် အနိမ့်မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
အိန္ဒိယဆန်များ အလျှံပယ် ဖြစ်နေပြီး ပြည်ပသို့ အကန့်အသတ်မရှိ တင်ပို့သည့်အတွက် အာရှဆန်ဈေးနှုန်းများသည် အနိမ့်မှာ ဆက်ရှိနေ
Apr 20 • 5:18 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


