တရုတ်သမ္မတ ရှီကျင့်ဖျင့် ၏ မကြာသေးမီက သွားရောက်ခဲ့သော အရှေ့တောင်အာရှဗီယက်နမ် ခရီးစဉ်သည် အိမ်နီးချင်းကောင်း ဆက်ဆံရေးကို အလေးပေးခဲ့ပြီး အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ က ဧပြီလ၁၈ရက်သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်က ရှီ၏ ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ တနင်္လာနေ့မှ သောကြာနေ့အထိ ခရီးစဉ်သည် ယခုနှစ်အတွင်း တရုတ်နိုင်ငံခေါင်းဆောင်၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးအဆိုပါခရီးစဉ်တွင် တရုတ်နိုင်ငံသည် နိုင်ငံစုံဝါဒနှင့် နိုင်ငံတကာ ကုန်သွယ်မှုဥပဒေသများကို အခိုင်အမာ ကာကွယ်ကြောင်းကို အခိုင်အမာပြသလိုက်ခြင်းပင် ဖြစ်သည်ဟု ဝမ်က ပြောကြားခဲ့သည်။


