back

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်တွင် ငလျင်အလှူအကြောင်းပြ ကန်ထရိုက်လောင်းကစားဝိုင်း ပြုလုပ်နေ

Apr 20 • 5:08 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်တွင် ငလျင်အလှူအကြောင်းပြ ကန်ထရိုက်လောင်းကစားဝိုင်း ပြုလုပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ငလျင်အလှူအကြောင်းပြပြီး ကန်ထရိုက်ယူကာ လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း ဒေသခံများထံ မှသိရပါတယ်။လောင်းကစားဝိုင်းကို ပ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ငလျင်အလှူအကြောင်းပြပြီး ကန်ထရိုက်ယူကာ လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း ဒေသခံများထံ မှသိရပါတယ်။လောင်းကစားဝိုင်းကို ပြီးခဲ့သည့် သင်္ကြန်တွင်းမှစတင်ကာ ကုန်းကလားသူကြီး နှင့် အပေါင်းပါတစ်စုက ကျပ် သိန်း ၂၄၀ ဖြင့် ကန်ထရိုက်ယူပြီး ငလျင်ဘေးရန်ပုံငွေဟု အကြောင်းပြကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မိုင်းဆတ်ဒေသခံတစ်ဦးက ပြောပါတယ်။ယင်းလောင်းကစားဝိုင်းကို မြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်းအနီးရှိ နော်ရှဲသစ်စက်အတွင်း လုပ်ဆောင်နေခြင်းဖြစ်ကာမိုင်းဆတ်တွင် မူးယစ်ဆေးဝါးများ ပေါများလာသလို ဆိုင်ကယ်လုယက်၊ ခိုးမှုစသည့် ခိုး၊ ဆိုး ရာဇဝတ်မှုများကြောင့် ဒေသခံပြည်သူအများ ဘဝမလုံခြုံမှု ဖြစ်ပေါ်နေရကြောင်း သိရပါတယ်။





news-view-count-icon

43