IESF WEC 2025 ပြိုင်ပွဲအတွက် မြန်မာ၊ အင်ဒို၊ မလေး၊ ဖိလစ်ပိုင်တို့လို အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံ့လက်ရွေးစင်အသင်းတွေကို ရွေးချယ်နေကြပြီဖြစ်ရာမြန်မာမှာဆို MythicSEALအသင်းနဲ့
မလေးမှာဆို TODAK တို့က နိုင်ငံ့လက်ရွေးစင်အသင်း ဖြစ်နေကြပြီးဖိလစ်ပိုင်မှာတော့ Team Sibol Qualifier ရွေးချယ်တဲ့ပြိုင်ပွဲမှာ TNC Pro Team နဲ့ AURORA Gaming တို့က ပွဲချိန်မမီလို့ ထုတ်ပယ်ခံခဲ့ရတယ်လို့ ကြားသိရပါတယ်။ဖိလစ်ပိုင်ပရိသတ်တွေပြောပုံအရတော့ ဒီ ၂ သင်းလုံးဟာ နိုင်ငံ့လက်ရွေးစင်အသင်းဖြစ်ဖို့ထက် MPL နဲ့ MSC အခွင့်အရေးကိုသာ အာရုံစိုက်ချင်ကြလို့ဆိုတဲ့ အကြောင်းအရင်းကြောင့် ဒီပြိုင်ပွဲကို လက်လွတ်ကြတယ်လို့ ဆိုပါတယ်။ONIC PH, Team Falcons PH နဲ့ Team Liquid PH တို့ထဲကတစ်သင်းက ဖိလစ်ပိုင်လက်ရွေးစင်အသင်း ဖြစ်လာမလားဆိုတာတော့ သတင်းစောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။


