back

သင်္ကြန်ကာလအပြီး စားသုံးသူများသည့် အာလူးနှင့်ပဲဈေးများ ဈေးမြင့်တက်လာနေ

Apr 20 • 2:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သင်္ကြန်ကာလအပြီး စားသုံးသူများသည့် အာလူးနှင့်ပဲဈေးများ ဈေးမြင့်တက်လာနေ

သင်္ကြန်ကာလအပြီး အာလူးဈေးများနှင့် စားသုံးသူများသည့်ပဲများ ဈေးမြင့်တက်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသလို အာလူးအလုံးကြီးတစ်ပိဿာ ၈၀၀၀ ကျပ်နှင့်အထက်ဈေးဖြစ်လာပြီး အာလူ...

သင်္ကြန်ကာလအပြီး အာလူးဈေးများနှင့် စားသုံးသူများသည့်ပဲများ ဈေးမြင့်တက်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသလို အာလူးအလုံးကြီးတစ်ပိဿာ ၈၀၀၀ ကျပ်နှင့်အထက်ဈေးဖြစ်လာပြီး အာလူးအလုံးသေး တစ်ပိဿာ ၆၀၀၀ ကျပ်နှင့်အထက်ဖြစ်လာခဲ့ပါတယ်။အာလူးဈေးများမှာ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက တစ်ပိဿာ ၅၀၀၀ ကျပ်ဈေးဖြင့် ဈေးကျခဲ့ပြီး ဧပြီလဆန်းမှစ၍ တစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့် သင်္ကြန်ကာလတစ်လျှောက် ဈေးနှုန်းများ တရိပ်ရိပ်ပြန်လည် မြင့်တက်လာခြင်းဖြစ်ပါတယ်။စားသုံးသူများသည့် ကုလားပဲခြမ်းနှင့် ပဲဝါလေးမှာ တစ်ဆယ်သား ၁၂၀၀ ကျပ်နှင့်အထက် ဈေးနှုန်းများဖြင့် ဈေးမြင့်တက်လာသည်။ ပဲကြီး၊ ပဲရေပွ၊ စားတော်ပဲ အစရှိသည့် ပဲဈေးများမှာလည်း တစ်ဆယ်သား ၁၃၀၀ ကျပ် နှင့်အထက် ဈေးများဖြစ်လာခဲ့ပြီးပဲနီလေးမှာ တစ်ဆယ်သား ၂၁၀၀ ကျပ်နှင့်အထက် ဈေးနှုန်းများဖြင့် ဈေးမြင့်တက်လာပြီး ပဲအမျိုးအစားများတွင် အမြင့်ဆုံးဈေးနှုန်း ဖြစ်ခဲ့ပါတယ်။


news-view-count-icon

36