back

အီစတာပွဲတော်ကာလအဖြစ် နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတ ပူတင်မှ ကြေညာ

Apr 20 • 2:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီစတာပွဲတော်ကာလအဖြစ် နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတ ပူတင်မှ ကြေညာ

မော်စကိုစံတော်ချိန် အားဖြင့် စနေနေ့ ညနေ ၆ နာရီမှ တနင်္ဂနွေနေ့အကုန်အထိ အီစတာပွဲတော်ကာက အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာလိုက်ပြီးရုရှားစစ်တပ် ...

မော်စကိုစံတော်ချိန် အားဖြင့် စနေနေ့ ညနေ ၆ နာရီမှ တနင်္ဂနွေနေ့အကုန်အထိ အီစတာပွဲတော်ကာက အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာလိုက်ပြီးရုရှားစစ်တပ် စစ်ဉီးစီးချုပ် ဗယ်လာရီဂီရာဆီမော့ဗ်နဲ့ တွေ့ဆုံစဉ် သူက အခုလို မှတ်ချက်ပြုခဲ့တာဘဲဖြစ်ကာ လူသားချင်းစာနာမှုကို အခြေခံပြီး စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ရုရှားရဲ့ဉီးဆောင်မှုကို ယူကရိန်းကလိုက်နာပြီး ယာယီ အပစ်အခတ်ရပ်စဲဖို့ ဗလာဒီမာပူတင်က တောင်းဆိုခဲ့ပြီး အပြန်အလှန် လေးစားသမှုရှိတဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာမည်ဖြစ်ကာယူကရိန်းက ရုရှားရဲ့လုပ်ရပ်တွေကို စောင့်ကြည့်မှာဖြစ်ပြီး ရုရှားက စစ်ပွဲရပ်ဆိုင်းပါက လိုအပ် သလို တုံ့ပြန်မယ်လို့ သမ္မတ ဇီလန်စကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။အီစတာပွဲတော်အလွန်ကာလအထိ အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးဖို့ယူကရိန်းသမ္မတ ဇီလန်စကီးက အဆိုပြု ခဲ့ပြီး နာရီ ၃၀ ဟာ စစ်မှန်သော ယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေ တည်ဆောက်ဖို့ မလုံလောက် ဘူးလို့ ပြောရာငြိမ်းချမ်းရေး ဆွေးနွေးတာ တိုးတက်မှုမရှိရင် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှ ထွက်ခွာဖွယ်ရှိတယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက်ပြောကြားပြီးနောက် ပူတင်က နာရီ ၃၀ ကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့တာလည်းဖြစ်ပါတယ်။



news-view-count-icon

17