ကစားသမားရော်နယ်ဒိုဟာ တစ်ပတ်တာ အကောင်းဆုံးသွင်းဂိုး (Goal of the week) ဆုအတွက် ရွှေရောင်အထူးဆုနဲ့ ချီးမြင့်တာကို ခံခဲ့ရပါတယ်။ ဒီဆုဟာ သူ့ရဲ့ ရော့ကတ်ဂိုး လှပလွန်းတာကြောင့် သီးသန့်လုပ်ပေးခြင်းမျိုး မဟုတ်ဘဲ ဒီလို ရွှေရောင်နဲ့ ပေးရတဲ့ အကြောင်းအရင်း ရှိပြီးဆော်ဒီလိဂ်မှာ 'Goal of the week' ဆုနဲ့ ပတ်သတ်ပြီး စည်းမျဉ်းတစ်ခုအဖြစ် ကစားသမားတစ်ဦးဟာ တစ်ရာသီအတွင်း 'Goal of the week' ဆုကို (၃) ကြိမ်တိုင် ရရှိပါက ပုံမှန်ချီးမြင့်နေကျ ငွေရောင်ဆု မဟုတ်တော့ဘဲ ရွှေရောင်အထူးဆုနဲ့ ချီးမြင့်ခံရမှာလည်း ဖြစ်ပါတယ်။ ဒီရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ် 22၊ 24 နဲ့ 27 တို့မှ့ာ 'Goal of the week' ဆု ရရှိခဲ့ပြီး အရေအတွက်အားဖြင့် (၃) ကြိမ် ပြည့်မြောက်သွားပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရွှေရောင် 'Goal of the week' ဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တစ်ပတ်တာ အကောင်းဆုံးသွင်းဂိုး (Goal of the week) ဆုအတွက်ကစားသမားရော်နယ်ဒိုဟာ ရွှေရောင်အထူးဆုနဲ့ ချီးမြင့်တာကို ခံခဲ့ရ
Apr 20 • 2:25 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


