back

ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်

Apr 19 • 7:58 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်

ယခု ၂၀၂၅ -၂၀၂၆ ရာသီ MNL League Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင် ပွဲများအတွက် ဧရာဝတီယူနိုက်ဘောလုံးအသင်းသည် နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာ...

ယခု ၂၀၂၅ -၂၀၂၆ ရာသီ MNL League Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင် ပွဲများအတွက် ဧရာဝတီယူနိုက်ဘောလုံးအသင်းသည် နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း အသင်းက အသိပေးထားသည်။ နည်းပြချုပ် ဦးချစ်နိုင်သည် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း အစရှိသည့် အသင်းများအား ၁၉၉၉ - ၂၀၀၀ ပြည့်နှစ်များမှ စတင်ကာ နည်းပြချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး အားကာသိပ္ပံ (မန္တလေး)မှတဆင့် နိုင်ငံ့လက်ရွေးစင်ကစားသမားများအား မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် ယူ ၁၉၊ ယူ ၂၁ အသင်းများ၏ နည်းပြချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ အာဆီယံ အမျိုးသမီးချန်ပီယံဆုကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် နည်းပြချုပ် ပိုပေါ့ကိုင်တွယ်သော မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းနှင့်အတူဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် တတိယကြေးတံ ဆိပ်ဆုကိုလည်းရယူပေးထားနိုင်သူဖြစ်သည်။



news-view-count-icon

20