back

ငလျင်ဘေးအလှူအဖြစ် ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

Apr 19 • 7:59 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဘေးအလှူအဖြစ် ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီး ခိုင်နှင်းဝေကတော့ ငါးကြိမ်မြောက် ငလျင်ဘေးအလှူအနေနဲ့ ဆက်လက်လှူဒါန်းသွားမှာဖြစ်သလို လက်ရှိအချိန်အထိ ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်...

မင်းသမီး ခိုင်နှင်းဝေကတော့ ငါးကြိမ်မြောက် ငလျင်ဘေးအလှူအနေနဲ့ ဆက်လက်လှူဒါန်းသွားမှာဖြစ်သလို လက်ရှိအချိန်အထိ ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့ပြီးပြီလို့ ပြောပါတယ်။ “ငါးကြိမ်မြောက် အလှူပစ္စည်းတွေကို မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်နဲ့ လိုအပ်တဲ့နေရာတွေလည်း ထပ်မံပို့ဆောင်လှုဒါန်းဖြစ်ပါတယ်။ ငွေသားသီးသန့် သိန်းပေါင်း ခုနစ်သောင်းနဲ့ အလှုပစ္စည်းတွေ တန်ဖိုးငွေကျပ် သိန်းငါးထောင်ဝန်းကျင်ခန့်အတွက် နည်းများ မဆို ပါဝင်လှုဒါန်းပေးပါတဲ့ ခုနှစ်ရက် သားသမီး အလှူရှင်တွေ အားလုံးနဲ့ လှူဒါန်းကြတာပါ။ ကိုယ်ပြုလုပ်ခဲ့တဲ့ အလှူအတွက် ပီတိကုသိုလ်ပွါးများနိုင်သလို ကုသိုလ်ထူးတဲ့ ခုနစ်ရက် သားသမီးတွေ အားလုံးအတွက်လည်း ဝမ်းမြောက် ဝမ်းသာ သာဓု သာဓု သာဓု ထပ်မံ ခေါ်ဆိုနိုင်ကြပါစေရှင်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။


news-view-count-icon

49