back

ငလျင်ဒဏ်ခံခဲ့ရသော်လည်း ပုဂံရှိ မီးငြိမ်းကုန်းဘုရားထိခိုက်မှုမရှိခဲ့

Apr 19 • 5:09 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဒဏ်ခံခဲ့ရသော်လည်း ပုဂံရှိ မီးငြိမ်းကုန်းဘုရားထိခိုက်မှုမရှိခဲ့

မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသော်လည်း ပုဂံရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ်-၁၄၉၉(မီးငြိမ်းကုန်းဘုရား)ထိခိုက်မှုမရှိခဲ့ကြောင်း ရှေးဟောင်း...

မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသော်လည်း ပုဂံရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ်-၁၄၉၉(မီးငြိမ်းကုန်းဘုရား)ထိခိုက်မှုမရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ မီးငြိမ်းကုန်းဘုရားသည် ၁၉၇၅ ပုဂံငလျင်တွင် ကွမ်းတောင်အထွတ်ပိုင်းပျက်စီးခဲ့ပြီး ဘုရားအား ၁၉၇၆-၁၉၇၈ ခုနှစ်၊ ၂၀၀၄-၂၀၀၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်တွင်ငလျင်ဒဏ်သင့်ခဲ့သဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့တွင် ပြုပြင်ထိန်းသိမ်းမှုအနေဖြင့် သံဟင်ဂလန်ဖြင့်ထောက်ပေးခြင်း၊ အနားသတ်ကြားသိပ်ခြင်း၊ ပစ္စယံအဆင့်များတွင် ရေပိတ်လွှာလောင်းခြင်းနှင့် အခြားလိုအပ်သည်များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


news-view-count-icon

55