မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများအား နိုင်ငံတော်ဝန်ကြီးချုပ်မှ ဧပြီ ၁၈ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်မှ မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အလုပ်သမားဝန်ကြီးဌာနရုံး၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေကာနံရံပြိုကျပျက်စီးခဲ့မှု၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်နှင့် ဝန်ထမ်းများအားယာယီနေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုခဲ့သည်။



