ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနက် နိုင်ငံကူးလက်မှတ် PJ ပတ်စပိုစ်စာအုပ် မရှိသူများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်ပြုလုပ်ပေးရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့်ဆွေးနွေးလျက်ရှိကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများအနက် CI စာအုပ်ပြုလုပ်ရန် စောင့်နေကြသည့် မြန်မာအလုပ်သမားများအနေဖြင့် စာရွက်စာတမ်းဝန်ဆောင်မှု ပြုလုပ်နေသူ ပွဲစားများ၏ စကားကိုယုံ ကြည်ပြီး၊ ကြိုတင်ငွေသွင်းခြင်းမပြုလုပ်ကြရန်နှင့် ထိုင်းအလုပ်သမားဝန်ကြီး ဌာနမှ တရားဝင် ထုတ်ပြန်ကြေညာမှသာ ဆောင်ရွက်ကြရန် ထိုင်းရောက် မြန် မာလုပ်သားအရေးကူညီပေးနေသူများက သတိပေးပြောကြားမှုများ ပြုလုပ်နေသည်။



