ထားဝယ်ခရိုင်က ပန်းချီဆရာ၊ ဆရာမများနှင့် ဝါသနာရှင်များ စုပေါင်း၍ ပန်းချီပြပွဲတစ်ခုကို ထားဝယ်မြို့ကမ်းနားလမ်း၊ ယဥ်ကျေးမှုပြတိုက်ကျောဘက်ရှိ ထားဝယ်ခရိုင် ပန်းချီပန်းပု အစည်းအရုံးပိုင် "လှိုင်းခတ်သံ" ပန်းချီပြခန်းတွင် ဧပြီလ ၁၈ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်ကြာကျင်းပနေသည်။အဆိုပါပန်းချီပြပွဲတွင် ပန်းချီပညာရှင် ၁၉ ဦးနှင့် ဝါသနာရှင် ၄ဦးတို၏ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ မှင် ပန်းချီကား ၄၈ ကား ပြသထားသည်။ပန်းချီကားများ၏ တန်ဖိုးမှာ ဝါသနာရှင်များ၏လက်ရာ ကျပ် နှစ်သောင်းခွဲမှ ပညာရှင်လက်ရာ ၃၅သိန်းကျပ်တန်အထိ ရှိကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။



