မန္တလေးဘက် စစ်ဘေးရှောင်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့က စစ်ရှောင် ဒေသခံတွေဟာ ငလျင်ဘေး ထပ်ကြုံရလို့ အကူအညီ လိုအပ်နေပါတယ်။အကူအညီ လိုအပ်နေတဲ့ ကျောက်မဲမြို့က စစ်ရှောင်တွေဟာ အိမ်ခြေ ၇၀ နီးပါးရှိတဲ့အပြင် တချို့ အဆက်အသွယ်မရတဲ့နေရာမှာ စာရင်း လာမပေးသေးတဲ့ ဒေသခံတွေ ရှိနေသေးတယ်လို့ သိရပါသည်။



