ပထမအသုတ် လာရောက်သည့် ဘူတန်ဘုရင့်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၅၁) ဦးသည် ဧပြီ (၁၇) ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။၎င်းတို့သည် ဧပြီ (၃) ရက်မှ (၁၆) ရက်အထိ ငလျင်ဘေး ဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ခွဲစိတ်ကုသခြင်းတိုကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



