ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသည့် နေရာများတွင် လူမှုကရုဏာအကူအညီများကို ကူညီဆောင်ရွက်နေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် Health Promotion Training for Volunteer သင်တန်းကို ဧပြီလ (၁၄) ရက်မှ ဧပြီလ (၁၇) ရက်အထိ မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။ငလျင်အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နေကြသော မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၈၀)ဦး တက်ရောက်ခဲ့ပြီး စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြောင်း သိရသည်။



