ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမ်နမ်လွမ်(Sanam Luang)မှာ ဧပြီလ ၁၁ ရက်ကနေ ၁၅ ရက်အထိ ဆုန်ခရမ်ပွဲ တော်ကြီးကို ၅ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ဘတ်ငွေ ၁.၇ ဘီလီယံ ကျော် ရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) ကသတင်းထုတ်ပြန်ထားပါတယ်။ပွဲတော်ကိုကြည့်ရှုသူ ၉၃.၁၈% လောက်အထိရှိတဲ့အတွက် စိတ်ကျေနပ်မှုနှုန်းကိုရရှိခဲ့သလို ဆန်းသစ်တီထွင် ဖန်တီးမှုတွေကိုကြည့်ပြီး အားရကြည်နူးဖွယ် အပြည့်လည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဧပြီလ ၁၄ နဲ့ ၁၅ ရက်ညတွေမှာ ဒရုန်းအစင်း ၁၂၀၀ ပါဝင်တဲ့ ဒရုန်းအလင်းရောင်ပြပွဲကြီးကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပ ခဲ့ပါသေးတယ်။



