မြေငလျင်ကြောင့် ၄၂ ရက်အောက် ကိုယ်ဝန်နုသေးသည့် ဝက်မများ ဇီးလျောသည့်ဖြစ်စဉ်များ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့်ရှိကြောင်း စစ်တမ်းကောက်ယူထားသည့် ဟိဏ်းမာန်အိမ်-ဝက်မွေးမြူရေးအထောက်အကူအပြု Page တည်ထောင်သူ ကိုထူးအောင်ကျော် က ပြောသည်။စစ်တမ်းအရ မြေငလျင်လှုတ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇီးလျောသည့် ဖြစ်စဉ်မှာ ၄၂ ရက်အောက် ကိုယ်ဝန်နုသေးသည့် ဝက်မများမှာ ၈၀ ရာခိုင်နှုန်းခန့်၊ ၄၂ ရက်နှင့် ၉၆ ရက်ကြား ကိုယ်ဝန်ရင့်ဝက်မများမှာ ၄၀ ရာခိုင်နှုန်းခန့်နှင့် ၉၆ ရက်အထက် ကိုယ်ဝန်ဆောင် ဝက်မများမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။



