back

အရောအနှောဖြင့် ပြုလုပ်ထားသည့် ထန်းလျက်များ ဈေးကွက်ထဲတွင် များပြားစွာတွေ့လာရ

Apr 18 • 9:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အရောအနှောဖြင့် ပြုလုပ်ထားသည့် ထန်းလျက်များ ဈေးကွက်ထဲတွင် များပြားစွာတွေ့လာရ

အရောအနှောဖြင့် ပြုပြင်လုပ်ဆောင်ထားသည့် ထန်းလျက်များ ဈေးကွက်ထဲတွင် များပြားလာခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ထန်းလျက်လုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသ...

အရောအနှောဖြင့် ပြုပြင်လုပ်ဆောင်ထားသည့် ထန်းလျက်များ ဈေးကွက်ထဲတွင် များပြားလာခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ထန်းလျက်လုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။အဆိုပါအရောအနှောဖြင့် ပြုလုပ်ထားသည့် ထန်းလျက်များဈေးကွက်ထဲတွင် များပြားလာသည့် အတွက် ထန်းလျက်အစစ်ရှားလာခဲ့သောကြောင့် အရောအနှောကင်းသည့် ထန်းလျက်အစစ်ကို ပို၍အဝယ်လိုက်လာကြောင်း သိရသည်။ယခုလို အရောအနှောကင်းစင်သည့် ထန်းလျက်စစ်စစ်ကို ဓာတ်စာအနေဖြင့် သုံးစွဲချင်သူများနှင့် ဆေးကျိုချက်ကြသူများမှ အဓိကထား၍ ဝယ်ယူလာကြပြီး အရောအနှောဖြင့်ပြုလုပ်ထားသည့် ထန်းလျက်များမှာ လက်လီဈေးကွက်တွင် ရောင်းပန်းလှစေရန် လုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

48