back

ဒီးမော့ဆိုအနောက်ခြမ်းမှာ ယင်းဘော်လူမျိုးစုတွေရဲ့ (၄၃) ကြိမ်မြောက် ရိုးရာ တံခွန်တိုင်ပွဲကျင်းပ

Apr 18 • 8:22 AM

breaking-news

မြန်မာ

ကရင်

cover

ဒီးမော့ဆိုအနောက်ခြမ်းမှာ ယင်းဘော်လူမျိုးစုတွေရဲ့ (၄၃) ကြိမ်မြောက် ရိုးရာ တံခွန်တိုင်ပွဲကျင်းပ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ ယင်းဘော် လူမျိုးစုတွေရဲ့ (၄၃)ကြိမ်မြောက် ရိုးရာ တံခွန်တိုင်ပွဲတော်ကို ဒီကနေ့ (ဧပြီလ ၁၈ ရက်)မှာ ကျ...

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ ယင်းဘော် လူမျိုးစုတွေရဲ့ (၄၃)ကြိမ်မြောက် ရိုးရာ တံခွန်တိုင်ပွဲတော်ကို ဒီကနေ့ (ဧပြီလ ၁၈ ရက်)မှာ ကျင်းပခဲ့ပါသည်။ပွဲတော်ကို ဧပြီလ ၁၇ ရက်နေ့မှာစတင်ကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာတော့ တံခွန်တိုင်တော် သစ်စိုက်ထူတဲ့ အခမ်းအနားကိုပြုလုပ်ခဲ့ကြပြီး ရိုးရာအကတွေနဲ့ ကခုန်တာတွေ၊ ကြက်ရိုးထိုးပြီး ပူဇော်ပသမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ပွဲအခမ်းအနားကို အနီးအနားမှာရှိတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေလည်း လာရောက်ပါဝင်ခဲ့ပြီး အခမ်းအနားကို လူဦးရေ ၅၀၀ ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။



news-view-count-icon

31