back

ရုရှားကို တရုတ်က လက်နက်ထောက်ပံ့ပေးနေတယ်လို့ ဇီလင်စကီးစွပ်စွဲ

Apr 18 • 6:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားကို တရုတ်က လက်နက်ထောက်ပံ့ပေးနေတယ်လို့ ဇီလင်စကီးစွပ်စွဲ

 ရုရှားနိုင်ငံကို တရုတ်အဖွဲ့များက လက်နက်များထောက်ပံ့နေသည်ကို ကိယက်ဗ့်မှ သိရှိခဲ့ကြောင်း ယူကရိန်းသမ္မတဇီလင်စကီးက ပြောခဲ့ပါသည်။ကြာသပတေးနေ့က ကိယက်ဗ့်တွင် ပြုလုပ်သည...

 ရုရှားနိုင်ငံကို တရုတ်အဖွဲ့များက လက်နက်များထောက်ပံ့နေသည်ကို ကိယက်ဗ့်မှ သိရှိခဲ့ကြောင်း ယူကရိန်းသမ္မတဇီလင်စကီးက ပြောခဲ့ပါသည်။ကြာသပတေးနေ့က ကိယက်ဗ့်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇီလင်စကီးက "တရုတ်ကိုယ်စားပြုသူများသည် ”ရုရှားပိုင်နက်အတွင်းလက်နက်အချို့ထုတ်လုပ်ရေးတွင်ပါဝင်သည်" ဟုပြောကြားခဲ့ပြီး နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့်အပတ်မှာ မျှဝေပေးသွားမှာဖြစ်တယ်လို့ ဆိုသည်။ “ရုရှားပိုင်နက်ထဲမှာ တရုတ်ကိုယ်စားပြုသူတွေက လက်နက်ထုတ်လုပ်ရေးမှာ ပါဝင်ပတ်သက် နေတယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဇီလင်စကီးက လက်နက်ကြီးတွင် အမြှောက်ကျည်များ သို့မဟုတ် စနစ်များဆိုသည်ကို ခွဲခြားမပြောခဲ့ပေ။ 




news-view-count-icon

21