back

လိုင်ယွန်ကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရပြီး မန်ယူ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ကို တက်သွား

Apr 18 • 6:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

လိုင်ယွန်ကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရပြီး မန်ယူ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ကို တက်သွား

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိုင်ယွန်အသင်းတို့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်က ဟယ်ရီမက်ဂ...

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိုင်ယွန်အသင်းတို့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်က ဟယ်ရီမက်ဂွိင်းယားရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပထမပိုင်းအပြီးမှာ ၂ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ လိုင်ယွန်အသင်းရဲ့ ချေပဂိုး၂ဂိုးကို ပြန်ခွင့်ပြုပေးခဲ့ရတာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။အချိန်ပိုမှာလည်း လိုင်ယွန်အသင်းက နောက်ထပ်ဦးဆောင်ဂိုး၂ဂိုးကို သွင်းယူသွားတာကြောင့် အားလုံးက လိုင်ယွန်အနိုင်ရပြီလို ထင်မှတ်ခဲ့ကြပေမယ့် မန်ချက်စတာယူနိုက်တက်က မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ၆မိနစ်အတွင်း ၃ဂိုးပြန်သွင်းခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။



news-view-count-icon

35