စစ်ကိုင်းမြို့၊ ရွှေင်္ဟသာကျောင်းတိုက်တွင် ငလျင်ကြောင့် စိတ်ပိုင်းဆိုင်ရာခံစားခဲ့ရသည့် ကလေးငယ်များအတွက် ကလေးပျော်စင်တာကို ယခု ဧပြီ(၁၆)ရက်၌ဖွင့်လှစ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။စတင်ဖွင့်လှစ်သည့်နေ့၌ပင် ကလေးငယ် (၁၈)ဦး လာရောက်ဆော့ကစားခဲ့ကြောင်းနှင့် စိတ်ပိုင်းဆိုင်ဖြေလျော့မှုများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။



