back

နှစ်ဆန်း(၂)ရက်နေ့မနက်တွင်မန္တလေး၊ပျဉ်းမနား၌ ငလျင်ထပ်လှုပ်၊(၁၄၂)ကြိမ်မြောက်လှုပ်

Apr 18 • 6:22 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နှစ်ဆန်း(၂)ရက်နေ့မနက်တွင်မန္တလေး၊ပျဉ်းမနား၌ ငလျင်ထပ်လှုပ်၊(၁၄၂)ကြိမ်မြောက်လှုပ်

ဒီကနေ့နှစ်ဆန်း(၂)ရက်နေ့မနက်ပိုင်းမှာလည်း မန္တလေးနဲ့ ပျဉ်းမနားမှာ ‌နောက်ဆက်တွဲငလျင် တွေထပ်မံလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။ဧပြီ(၁၈)ရက်မနက်၃နာရီကျော်မှာ မန္တလေးရဲ့ ...

ဒီကနေ့နှစ်ဆန်း(၂)ရက်နေ့မနက်ပိုင်းမှာလည်း မန္တလေးနဲ့ ပျဉ်းမနားမှာ ‌နောက်ဆက်တွဲငလျင် တွေထပ်မံလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။ဧပြီ(၁၈)ရက်မနက်၃နာရီကျော်မှာ မန္တလေးရဲ့ အနောက်၊အနောက်မြောက်ဘက်(၄)မိုင်အကွာ မှာရစ်တာစကေး(၃.၉)အဆင့်ရှိငလျင်လှုပ်ခဲ့ပါတယ်။ဒီ့အပြင် မနက်၉နာရီကျော်မှာ ပျဉ်းမနားအရှေ့တောင်ဘက်(၃၀)မိုင်အကွာမှာ ရစ်တာစကေး (၃.၅)အဆင့်ရှိငလျင်တစ်ခုထပ်မံလှုပ်ခဲ့ပါတယ်။ဧပြီလ(၁၈)ရက်မနက်(၁၀)နာရီအထိ ငလျင်စုစုပေါင်း(၁၄၂)ကြိမ်လှုပ်ခတ်ထားတယ်လို့ သိရပါတယ်။



news-view-count-icon

30