back

ထိုင်း - ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ ထောက်ပံ့မှုမရှိတော့တာကြောင့် အခက်ကြုံ

Apr 18 • 6:20 AM

breaking-news

မြန်မာ

ကရင်

cover

ထိုင်း - ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ ထောက်ပံ့မှုမရှိတော့တာကြောင့် အခက်ကြုံ

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ ယခုမတ်လကစပြီး အလှူရှင်တွေဆီကနေ ထောက်ပံ့မှုမရရှိတော့ဘူးလို့သိရပါသည်။ပြီးခဲ့တဲ့လတွေက ကျန်ရှ...

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ ယခုမတ်လကစပြီး အလှူရှင်တွေဆီကနေ ထောက်ပံ့မှုမရရှိတော့ဘူးလို့သိရပါသည်။ပြီးခဲ့တဲ့လတွေက ကျန်ရှိသေးတဲ့ လက်ကျန် ဆန်ကို စစ်ဘေးရှောင်တစ်ဦးကို ၃ ကီလိုနှုန်းနဲ့ ပေးဝေခဲ့တာ နောက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းမှာ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် ဝင်ငွေရတဲ့ အလုပ်အကိုင်မရှိတာကြောင့် ရေရှည်မှာ ပိုမိုအခက်ကြုံနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အကြောင့် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ခွင့်ရရင် ဝမ်းရေးအတွက် တစ်နှစ်စာ ဖူလုံနိုင်တယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်ရကြောင် သိရပါသည်။အမေရိကန်အစိုးရရဲ့ နိုင်ငံတကာကိုထောက်ပံ့ပေးတဲ့ အကူအညီတွေ ရပ်ဆိုင်းပြီးနောက် ထိုင်း-ကရင်နီနယ်စပ်က စစ်ဘေးရှောင်တွေအပြင် ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းအများစုကလည်း ဆန်ရိက္ခာပြတ်လပ်မှုကို ပိုမို ကြုံတွေ့လာနေရတယ်လို့ သိရပါတယ်။



news-view-count-icon

38