အခုရက်ပိုင်းတွေမှာ ရန်ကုန်မြို့မှာ နေအိမ်ငှားရမ်းခတွေ၊အဆောင်ငှားရမ်းခတွေ တက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်ထံမှသိရပါတယ်။တိုက်ခန်းငှားရမ်းတဲ့သူတွေထက် ဒဂုံမြိုသစ်၊ရွှေပေါက်ကံမြို့သစ်လိုနေရာမျိုးတွေမှာ လုံးချင်းနေအိမ်လေးတွေငှားရမ်းသူတွေများလာပြီး ငှားရမ်းခတွေကတော့ (၂၀)ရာခိုင်နှုန်းလောက်အထိတက်လာတယ်လို ့သိရပါတယ်။မြို့နယ်အချို့ကတိုက်ခန်းငှားနေတဲ့သူတွေကိုလည်း ငှားရမ်းခတွေ (၅)သောင်းမှသိန်းကျော် အထိတိုးတောင်းလို့အခက်တွေ့နေကြသူတွေများနေတယ်လို့ ဆိုပါတယ်။ငလျင်လှုပ်ပြီး အခုနောက်ပိုင်းမှာတော့ အထပ်မြင့်တိုက်တွေမှာ နေထိုင်ရဲတဲ့သူတွေနည်းပါး လာလို့ အထပ်မြင့်တိုက်ခန်းတွေမှာ ငှားရမ်းသူတွေလည်းနည်းပါးသွားနိုင်တယ်လို့ အကျိုးတော်ဆောင်ရဲ့ သုံးသပ်ချက်အရသိရပါတယ်။



