မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးအပြီး မြန်မာနိုင်ငံက ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ဆွစ်ဖရန့် သန်း ၁၀၀၊ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၂.၄ သန်း ရရှိဖို့ တောင်းခံခဲ့ပေမယ့် အဲဒီပမာဏရဲ့ အပိုင်းအစ အနည်းငယ်လောက်ကိုသာ စုစည်း ရရှိထားတယ်လို့ IFRCက ဝန်ခံခဲ့ပါတယ်။နိုင်ငံတကာ အလှူရှင် အများအပြားကို ဆက်သွယ် အကူအညီ တောင်းခံခဲ့ပေမယ့် ငြင်းဆိုမှုတွေနဲ့သာ ကြုံတွေ့ခဲ့ကြောင်း၊ ဒါတင် မကသေးဘဲ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး ရန်ပုံငွေတွေ ဖြတ်တောက် လျှော့ချမှုက အခြေအနေတွေကို ပိုဆိုးရွားသွားစေခဲ့ကြောင်း၊ IFRCဟာ ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို ကူညီနိုင်ရေးမှာ ရန်ပုံငွေ ပြတ်တောက်မှုတွေနဲ့ ရုန်းကန်နေရကြောင်းလည်း သူက ဆိုပါတယ်။



