မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် နွေရာသီရောက်တိုင်း အပူချိန်များစံချိန်တင်မြင့်တက်လေ့ရှိပြီး ကမ္ဘာ့ အမြင့် ဆုံး မြို့ နယ်များထဲတွင် မကြာခဏဆိုသလို ပါဝင်လျက်ရှိရာ ယခုနှစ်တွင်လည်း အပူချိန်များဆက် လက် မြင့်တက်နေကြောင်း မိုးလေဝသပညာရှင်များက သတိပေးမှုများရှိနေပါတယ်။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်နှင့် အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ် လုံလောက်စွာရနိုင်သည့် ထီးနှင့် ဦးထုပ်များဆောင်းခြင်းများလုပ်ဆောင်ရန်တို့အပြင် အရိပ်ရအေး မြသည့် နေရာများတွင် ခေတ္တအနားယူခြင်းတို့ကိုလည်း မကြာခဏပြုလုပ်ရန် လိုအပ်ကြောင်း သိရပါတယ်။ထိုအပြင် အပူဒဏ်အန္တရာယ်ခံစားရသော လူနာအား အရိပ်အေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိခြင်း၊ ရေနှင့် ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္တာကိုယ်အပူချိန် အမြန်ကျဆင်း စေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား(၂)ဖက်နှင့် ပေါင်ခြံ(၂)ဖက်တို့ကို ရေအေးပတ်တိုက်ပေးခြင်းစသည်တို့အား ဦးစွာ ဆောင် ရွက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေခြင်း များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။



