လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ပြုလုပ်သည့် စိုက် ပျိုးကုန်ကြမ်းသီးနှံအခြေခံ Bakery and Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း စိုက်ပျိုးကုန်ကြမ်းသီးနှံအခြေခံ Bakery and Snack အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၅)ကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား (၁၅)ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။



