back

မြန်မာနိုင်ငံတွင် ဖုန်းများသို့ လောင်းကစားဂိမ်းမက်ဆေ့ အဆက်မပြတ်ပို့ခံရပြီး ခြိမ်းခြောက်စာဆန်ဆန် ရေးသားပေးပို့ချက်များ ပါဝင်လာ

Apr 17 • 8:13 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ဖုန်းများသို့ လောင်းကစားဂိမ်းမက်ဆေ့ အဆက်မပြတ်ပို့ခံရပြီး ခြိမ်းခြောက်စာဆန်ဆန် ရေးသားပေးပို့ချက်များ ပါဝင်လာ

မြန်မာနိုင်ငံတွင် ဆင်းကတ်သုံးစွဲသူများထံ လောင်းကစားဂိမ်းမက်ဆေ့များ အဆက်မပြတ်ပို့ခံရပြီး ခြိမ်းခြောက်စာ ဆန်ဆန်ရေးသားပေးပို့ချက်များ ပါဝင်လာကြောင်း ဖုန်းသုံးစွဲသူ...

မြန်မာနိုင်ငံတွင် ဆင်းကတ်သုံးစွဲသူများထံ လောင်းကစားဂိမ်းမက်ဆေ့များ အဆက်မပြတ်ပို့ခံရပြီး ခြိမ်းခြောက်စာ ဆန်ဆန်ရေးသားပေးပို့ချက်များ ပါဝင်လာကြောင်း ဖုန်းသုံးစွဲသူများထံမှ သိရသည်။ ယခုကာလအတွင်း MPT ဆင်းကတ်၊ တယ်လီနော်ဆင်းကတ် ၊ အော်ရီဒူးဆင်းကတ် အစရှိသည့် ဖုန်း သုံးစွဲသူများ ထံသို့ လောင်းကစားဂိမ်းမက်ဆေ့များ အဆက်မပြတ်ပို့ခံနေရပြီး ခြိမ်းခြောက်စာဆန်ဆန်ရေးသားပေးပို့ချက်များ ပါဝင်လာ၍ စိတ်အနှောင့်အယှက် ဖြစ်နေကြရကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းလောင်းကစားဂိမ်းများထဲတွင် စလော့ဂိမ်း ၊ ငါးပစ်ဂိမ်း ၊ ဖဲဂိမ်း ၊ ကာစီနို စသည့် ဂိမ်း များပါဝင်လာပြီး အွန်လိုင်းဖလက်ဖောင်းပေါင်းစုံမှ ကြော်ငြာခြင်းကို ယခုနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြကြောင်း သိရသည်။

news-view-count-icon

45