back

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရောင်းချခြင်းများ ခပ်စိပ်စိပ်မြင်တွေ့လာရ

Apr 17 • 8:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရောင်းချခြင်းများ ခပ်စိပ်စိပ်မြင်တွေ့လာရ

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လူမှုကွန်ရက်ပေါ်တွင် ရောင်းချခြင်းများ ခပ်စိပ်စိပ် မြင်တွေ့လာရကြောင်း သိရသည်။ အဆိုပါ တော...

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လူမှုကွန်ရက်ပေါ်တွင် ရောင်းချခြင်းများ ခပ်စိပ်စိပ် မြင်တွေ့လာရကြောင်း သိရသည်။ အဆိုပါ တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆေးဖော်ရန်၊ နေအိမ်ဆိုင်ခန်းများတွင် အလှချိတ်ဆွဲရန်နှင့် အဆောင်အဖြစ် အသုံးပြုခြင်းများအတွက် ဝယ်ယူကြသူများလည်းရှိကြောင်း သိရသည်။ လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ရောင်းချနေသည့် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်း များမှာ ကျားဆွယ်၊ ကျားသားရေ၊ ကျားသစ်ဆွယ်၊ ကျားသစ်သားရေ၊ ဆင်ဆွယ်၊ ဆင်သားရေ၊ ဂျီဂျို၊ သမင်ဂျို၊ ဝက်ဝံလက်၊ ဝက်ဝံသည်းခြေ၊ စပါးကြီးသည်းခြေ၊ စပါးကြီးမြွေအရေခွံ စသည်တို့အပြင် တခြားတိရစ္ဆာန်များ၏ အစိတ်အပိုင်းများလည်း တွေ့မြင်လာရကြောင်း သိရသည်။ အဆိုပါ တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အမျိုးအစားတစ်ခုချင်းစီအလိုက် ငွေကျပ်သောင်းဂဏန်းမှ သိန်းဆယ်ဂဏန်းအထိ ရှိကြောင်း သိရသည်။

news-view-count-icon

62