မြန်မာနိုင်ငံရှိ နေပြည်တော်၊ လယ်ဝေးနဲ့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွေမှာ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက် ဒီနေ့မနက်ပိုင်းက မြေငလျင်တွေ ထပ်လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီမနက် ၅ နာရီခွဲကျော်လောက်က ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၂ ရှိ မြေငလျင်တခု နေပြည်တော် လယ်ဝေးမြို့ရဲ့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွားပြီး ဒီမနက် ၄ နာရီ ၆ မိနစ်ကျော်လောက်မှာလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၂၆ မိုင်ခန့် အကွာ၊ အနက် - ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၁ ရစ်ချ်တာစကေးရှိ မြေငလျင်လှုပ်သွားကြောင်း သိရသည်။
Apr 17 • 7:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 95 | 0 | 0 | 0 |


