ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ခေတ်မီ အလိုအလျောက် ရေ သန့်စင်စက်နှင့် ရေလီတာ ၂၀၀၀ဆံ့ ရေတိုင်ကီတို့ကို တပ်ဆင်၍ခေတ်မီရေသန့် စင်စက် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဘူတန်ဆေးအဖွဲ့သည် ငလျင်ဘေးဒဏ်ကြောင့် ဆိုးရွားစွာထိခိုက်ပျက်စီး ခဲ့ရသည့် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသထံ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်တန်ဖိုးရှိ ဆွမ်းဆန်တော် ၁၀ အိတ်၊ စားသုံးဆီနှင့် စား သောက်ဖွယ်ရာများ၊ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 
Apr 17 • 1:56 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 55 | 0 | 0 | 0 |


