back

မြန်မာနိုင်ငံတွင် ဧပြီလ ၁၆ ရက် ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၅ ဦးအထိရှိလာ

Apr 17 • 1:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ဧပြီလ ၁၆ ရက် ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၅ ဦးအထိရှိလာ

မြန်မာနိုင်ငံတွင် ဧပြီလ ၁၆ ရက် ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၅ ဦးအထိရှိလာပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၃၅၀၀ ကျော်ရေ...

မြန်မာနိုင်ငံတွင် ဧပြီလ ၁၆ ရက် ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၅ ဦးအထိရှိလာပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၃၅၀၀ ကျော်ရောက်ရှိခဲ့သည်။ မြန်မာ့ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ လေယာဉ်ခေါက်ရေ ၁၃၆ ခေါက်ဖြင့် ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၃၃၂ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၇၀ တန်ကျော်ရောက်ရှိခဲ့ကာ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၅၆ ဦး ရောက်ရှိခဲ့ပြီး မြန်မာ့ငလျင်ဘေးအတွက် ထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့သည့် နိုင်ငံများမှာ ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူရကီ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရုနိုင်း၊ ဂျာမနီတို့ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

56