back

ထိုင်းသင်္ကြန်ကို လာရောက်သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

Apr 17 • 1:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းသင်္ကြန်ကို လာရောက်သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဧပြီလ ၁၆ ရက်တွင် ဆုန်ခရန်ပွဲတော်ဟု ခေါ်သော ထိုင်းသင်္ကြန်ပွဲတော်ကို ပစ်ကပ်ကားနှစ်စီးဖြင့် လာရောက်သည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်း ရဲတပ်ဖွဲ့က ဘန်စဖန်မြို့နယ...

ဧပြီလ ၁၆ ရက်တွင် ဆုန်ခရန်ပွဲတော်ဟု ခေါ်သော ထိုင်းသင်္ကြန်ပွဲတော်ကို ပစ်ကပ်ကားနှစ်စီးဖြင့် လာရောက်သည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်း ရဲတပ်ဖွဲ့က ဘန်စဖန်မြို့နယ်မှ ပရကျွပ်ခီရီခန်မြို့တွင် ဖမ်းဆီးလိုက်သည်။ ယင်းတို့မှာ ဆယ်ကျော်သက်လူငယ်များ ဖြစ်ကြပြီး အသက် ၁၄ နှစ်မှ အသက် ၂၀ ကြား အရွယ်ရှိသူများ ဖြစ်ကြောင်း၊ ဖမ်းခံရသူများထဲတွင် ၂ ဦးက စာရွက် စာတမ်းများရှိပြီး အခြား ၈ ဦးတွင် စာရွက်စာတမ်း အထောက်အထား မရှိကြောင်း သိရသည်။ လက်ရှိတွင် အဖမ်းခံရသူ မြန်မာနိုင်ငံသား ၁၀ ဦးကို ပရကျွပ်ခီရီခန်မြို့ ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းရဲတပ်ဖွဲ့က ဥပေဒအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ငွေဒဏ် ဘတ် ၁၀၀၀ ပေးဆောင်ရဖွယ် ရှိကြောင်းလည်း သိရသည်။

news-view-count-icon

23