ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ Medical ဆေးရုံဝန်းအတွင်း ဧပြီလ ၁၆ရက် နေ့လယ် ၂နာရီခန့်တွင် ဆေးခန်းလာပြသည့် လူနာ၏ဆိုင်ကယ် ခိုးယူခံလိုက်ရကြောင်း သိရသည်။ မိုင်းဆတ်မြို့နယ်မှ အမျိုးသမီး ၂ဦးက ကျိုင်းတုံမြို့၊ နောင်ကုန်ရပ်ကွက်ရှိဆေးရုံသို့ လာရောက်၍ ရောဂါပြသစဥ် ဆိုင်ကယ်ကိုဆေးရုံ၏ ဆိုင်ကယ်လုံခြုံရေးအစောင့်ထံ အပ်နှံခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ဆေးရုံရှိ CCTV မှတ်တမ်းတွင် ဆိုင်ကယ်ခိုးယူသူကို တွေ့မြင်ရပြီး ခိုးယူခံသည့် ဆိုင်ကယ်မှာ Honda 110 အဖြူရောင် ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။
Apr 17 • 1:57 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 31 | 0 | 0 | 0 |


