ပဲခူးတိုင်း၊ တောင်ငူမြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်၊ အနက် ၁၀ ကီလိုမီတာတွင် အင်အား ၃ ဒသမ ၄ ရစ်ချ်တာစကေးရှိ ငလျင်တခု ဧပြီလ၁၆ရက်နေ့နံနက်အစောပိုင်းက လှုပ်ခဲ့ပြီးနောက် ထိုင်းစံတော်ချိန် ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် ထိုင်း-မြန်မာ နယ်စပ်ဒေသများ၌လည်း အင်အား ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်စောင့်ကြည့်ရေးဌာနမှ ထုတ်ပြန်သည်။



