ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ကျောက်မြောင်းရပ်ကွက်မှာ ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းက လာရောက်လည်ပတ်သူတွေ၊ ရေကစားသူတွေ စည်းကားများပြားတာကို တွေ့ရပါတယ်။ ကျောက်မြောင်း ရပ်ကွက်ထဲက လမ်းတွေမှာ ရပ်ကွက်အတွင်း နေထိုင်သူတွေ ရေကစားတာရှိသလို တခြားမြို့နယ်တွေမှာ နေထိုင်သူတွေကပါ လာရောက်လည်ပတ်ပြီး ရေကစားကြတဲ့အတွက် စည်ကားများပြားတာဖြစ်တယ်လို့ ဆိုပါတယ်။



