အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းဟာ တလီတာကို ကျပ် ၆,၆၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ သုံးစွဲသူ ဒေသခံတွေဆီကနေ သိရပါတယ်။လက်ရှိ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ၊ ကျုံပျော် စတဲ့ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာ စက်သုံးဆီ တလီတာကို ကျပ် ၆,၆၀၀ အထိ ဈေးတက်လာပြီး အင်အားပြင်းငလျင် မဖြစ်ခင်က ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ စက်သုံးဆီ တလီတာ ကျပ် ၃,၆၀၀ ဝန်းကျင်အထိသာ ဈေးရှိတယ်လို့ ဆိုပါတယ်။



