အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျထားတဲ့ မန္တလေးမြို့၊ ၈၄ လမ်း၊ ၂၇ x ၂၈ လမ်းကြားရှိ သမဝါယမဦးစီးဌာန အဆောက်အအုံအောက်ကနေ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ရှာဖွေကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီကနေ သိရပါတယ်။ဧပြီ ၁၆ ရက် မနက် ၁၀ နာရီမှာ မြန်မာနိုင်ငံမီးသတ်ဌာနရဲ့ ကယ်ဆယ်ရေးအဖွဲ့၀င်တွေက အမျိုးသမီးရုပ်အလောင်းတလောင်းနဲ့ ၁၀ နာရီ ၃၈ မိနစ်မှာ အမျိုးသမီးရုပ်အလောင်းတလောင်း ရှာဖွေတွေ့ ရှိခဲ့တာလို့ ဆိုပါတယ်။



