သင်္ကြန်ကာလ၌ ရပ်ကွက်များအတွင်း ဘေးတွဲဆိုင်ကယ်များ၊ ဆိုက်ကားများဖြင့် လှည့်လည်ကာ ရေပက်ခံသူ ထွက်ကြကြောင်း သိရသည်။၂၀၂၅ ခုနှစ်သင်္ကြန်ကာလတွင် မြို့တွင်းလည်ပတ်ကြသူများထက် မိမိတို့နေထိုင်သည့် ဆင်ခြေဖုံးရပ် ကွက်အနီးဝန်းကျင်ကို ဘေးတွဲများ၊ ဆိုက်ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ စီးနင်းအသုံးပြု၍ ရေပက်ခံထွက်ကြသူများ ရှိလာခဲ့ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆိုင်ကယ်ဘေးတွဲ မောင်းသူတစ်ဦးက ပြောသည်။



