ဧပြီ ၁၄ရက် သတင်းအရ အဖွဲ့ဝင် ၃၅ ဦးပါ မလေးရှားစစ်တပ်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို မြေငလျင်ဘေးသင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုမစ်ရှင်အဖြစ် စေလွှတ်မယ်လို့ ကာကွယ်ရေးဝန်ကြီး မိုဟာမက်ခါ လက်နော်ဒင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ယာယီဆေးရုံတစ်ရုံ တည်ဆောက်ဖို့ မလေးရှားအစိုးရက မူအားဖြင့် သဘောတူ ပြီးနောက် သူက အခုလို ပြောကြားခဲ့တာပါ။



