back

ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရတဲ့နိုင်ငံ မရှိဘူးလို့ ရှီကျင့်ဖျင် သတိပေး

Apr 15 • 9:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရတဲ့နိုင်ငံ မရှိဘူးလို့ ရှီကျင့်ဖျင် သတိပေး

ဧပြီ ၁၄ရက် သတင်းအရကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ရေးသားထားခဲ့ပါတယ်။ အရှေ့...

ဧပြီ ၁၄ရက် သတင်းအရကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ရေးသားထားခဲ့ပါတယ်။ အရှေ့တောင်အာရှ သုံးနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အဖြစ် ဧပြီ ၁၄ ရက်နေ့မှာ ဗီယက်နမ်ဆီ မသွားရောက်ခင်မှာ ရှီက အခုလို သဘောထား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ အလုံးအရင်း မြှင့်တင်ခဲ့ပြီး တရုတ်ကလည်း လက်တုံ့ပြန်နေတဲ့နောက် ကမ္ဘာ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေး စစ်ပွဲအသွင် အားပြိုင်မှုတွေ ဖြစ်လာချိန်မှာ ရှီက ဗီယက်နမ်ရဲ့ Nhan Dan သတင်းစာ ဆောင်းပါးမှာ အခုလို ရေးသားထားခဲ့တာပါ။

news-view-count-icon

44