ဓားထိုးခံရလို့ သေဆုံးသူ မြန်မာနိုင်ငံသားဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အချင်းချင်း သနပ်ခါးသုပ်ရာကနေ စကားများရန်ဖြစ်ကြတာလို့ အခင်းဖြစ်နေရာကို သွားရောက်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။ “သင်္ကြန်မှာ သနပ်ခါးသုပ်ကြရင်း စကားများကြတာပေါ့။ အခု ဓားနဲ့ထိုးလိုက်တဲ့ အဖွဲ့ထဲက တစ်ယောက်ကို မိထားတယ်” လို့ သူကပြောပါတယ်။



